Tuesday, May 6, 2008

တီကောင်နှင့်လိပ်ပြာ

သင့်ဘ၀အဆင့်အတန်းကို တိရစ္ဆာလောကထဲမှာ ဥပမာတခုပြောရမယ်ဆိုရင် အင်မတန်နိမ့်ကျတဲ့ တိရစ္ဆတမျိုးဖြစ်ပါတယ်။ တီကောင်လို့ဆိုပါတော့ တီကောင်ရဲ့ဘ၀လောကမှာအလင်းအမှော်ဆိုတာနည်းနည်းဘဲရှိတယ်။ သူဘာမှသေသေချာချာမမြင်နိုင်ဘူး။ အသံကိုလည်းပီပီမကြားရဘူး။ ကျယ်လောင်တဲ့အသံဆိုရင်တော့ ထိတွေ့မှုနဲသာကြားသိရပါသည်။ အနံ့ဆိုရင် သူနဲထိတဲ့ sensation ကိုတော့သိတယ်။ သူနာတတ်တယ်။ တီကောင်လေးတကောင်ရဲ့ဘ၀နဲ့ လိပ်ပြာလေးတကောင်ရဲ့ဘ၀ဟာ ဘယ်လောက်ခြားနားတယ်ဆိုတာမှန်းဆကြည့်စမ်းပါ။သူတိုဟာတိရစ္ဆာအချင်းချင်းပါဘဲ။ လိပ်ပြာဟာအရောင်အမျိုးမျိုးကိုမြင်နေရတယ်။ လွတ်လပ်မှုလည်းပိုရှိတယ်။ သူက ဟိုဟိုဒီဒီသွားလာနိုင်တယ်။အမြင့်ကြီးကိုသူပျံသန်းနိုင်တယ်။ သူစားတဲ့အစားအစာနဲ့ကြည့်မယ်ဆိုရင် အနံ့အရသာနဲ့ပြည့်စုံတဲ့ပန်းဝတ်ရည်ကို စုပ်ယူပြီးစားနေရတယ်။ တီကောင်ကဘာစားသလဲ။မြေကြီးစားတယ်။ စားတဲ့အစားအစာကဘယ် လောက်ကွာခြားနေသလဲဆိုတာကြည့်နော်။မြေကြီးရဲ့အနံ့အရသာနဲ့ ပန်းဝတ်ရည်ရဲ့အနံ့အရသာကဘယ်လောက်ကွာခြားသလဲ။ ပန်းဝတ်ရည်ဆိုတာတော့ပျားရည်လိုပါဘဲ။ လူတွေကပျားရည်သောက်ကြတယ်။ ပျားရည်ကဘယ်လောက်အနံ့အရသာနဲပြည့်စုံနေသလဲ။ ပျားရည်ဟာအင်မတန်အဆင့်အတန်းမြင့်တဲ့စားစရာတမျိုးဖြစ်တယ်လို့ပြောလို့ရတယ်။ လိပ်ပြာရဲ့မြင်ကွင်းကရော ဖြူ၊ နီ၊ ဝါ၊ ပြာဆိုသော အရောင်အမျိုးမျိုး၊ ပန်းအမျိုးမျိုး၊ သစ်ပင်အမျိုးမျိုးစသည်တို့ကိုသူမြင်တွေနေရတယ်။ အလင်းနဲအမှော်ကိုလည်းပီပီပြင်ပြင်သူမြင်နေရ တယ်။ တီကောင်ရဲ့မြင်ကွင်းကဘယ်လောက်ရှိမှာလဲ။ ဘာမှမရှိဘူး။ လင်းတာနဲမှော်တာလောက်ပဲရေးတေးတေးမြင်နေရတဲ့သူပါ။
ပြီးတော့လှုပ်ရှားနေတဲ့တီကောင်ဟာ ဘယ်လောက်ရွေးလျားနိုင်မှာလဲ။ မြေကြီးပေါ်ကပ်ပြီးနှေးနှေးကွင်းကွင်းနဲသွားနေရတယ်။ မြေကြီးပေါ်ထွက်ပြီး မြေကြီးအောက်ဝင်သွားတာလောက်ဘဲရှိတယ်။အမြင့်ဆိုတာ မြေကြီးပေါ်ထွက်တာလောက်ဘဲရှိတယ်။ အကယ်၍လိပ်ပြာလေးတကောင်နဲ့တီကောင်လေးတကောင်ကစကားပြောတတ်မယ်ဆိုရင် လိပ်ပြာကလေးက”တီကောင်ရေ..ပန်းကလေးတွေပွင့်နေတာအရမ်းလှတာဘဲ”လို့ပြောနေမယ်ဆိုရင် တီကောင်ကလေးကဘာပြန်ပြောမလဲ။ ”ပန်းဆိုတာဘာလဲ ငါမသိဘူး အရမ်းလှတယ်ဆိုတာရော ဘာလဲ မွှေးတယ်လည်း ငါမသိဘူး”လို့ဘဲပြန်ပြောမှာပါ။ လိပ်ပြာကလေးက”ပန်းဝတ်ရည်တွေအရမ်းချိုးတယ်” လို့ပြောမယ်ဆိုရင် တီကောင်လေးက”ပန်းဝတ်ရည်က ဘာလဲ ချိုတယ်ဆိုတာဘာလဲ”သူဖြေနေမှာပါ။ ”ငါအမြင့်ကြီးကိုပျံသန်းတော့မယ်”လို့လိပ်ပြာလေးကပြောရင် ”အမြင့်ကြီးကဘာလဲ”လို့သူပြန်မေးနေမှာပါ။ တီကောင်လေးက ဒီကမ္လာပေါ် ပေါ်မှာဒါတွေမရှိဘူး။ နင်စိတ်ကူးယဉ်ပြီးပြောနေတယ်လို့ သူ လိပ်ပြာလေးကိုပြောမိမှာပါ။ ဘာကြောင့်လည်းဆိုတော့ ဘဝအဆင့်အတန်းသိပ်ကွားခြားနေလို့ပေါ့။ ဘဝအဆင့်အတန်း။ အဆင့်အတန်း။
မိုးစက်လေး

No comments: